Celebrity News

အခင်ဆုံးထဲက ကိုတွတ်ပီတစ်ယောက်ကိုသတိရကြောင်းရင်ဖွင့်လာတဲ့..

အခင်ဆုံးထဲက ကိုတွတ်ပီတစ်ယောက်ကိုသတိရကြောင်းရင်ဖွင့်လာတဲ့….မေ ကတော့အနုပညာလောကမှာမော်ဒယ်သရုပ်ဆောင်၊အဆိုတော်စသဖြင့်အနုပညာလုပ်ငန်းများနဲ့ရပ်တည်နေတဲ့သူပါ၊အနုပညာရှင်ကြယ်တစ်လို့ပြောရပါမယ်၊နိုင်ငံရပ်ခြားမှာ မော်ဒယ်လုပ်ကိုင်နေတဲ့ နိုင်ငံကျော်မော်ဒယ်သူဇာဝင့်လွင်ရဲ့အမတစ်ယောက်ဖြစ်ပါတယ်။မေကိုဗီဒီယိုဇာတ်လမ်းတွေမှာလဲမြင်ရတတ်ပါတယ်၊သီချင်းဆိုရတာကိုလဲဝါသနာပါသူမို့သူ့ရဲ့သီချင်းခွေတွေလဲထွက်ရှိခဲ့ပါတယ်။တော်လှန်ရေးကာလအချိန်တွေမှာမေတို့ညီအမနှစ်ယောက်ကကိုယ်တိုင်ပါဝင်ပြီးပြည်သူတွေနဲ့အတူရပ်တည်ခဲ့ကြတာဖြစ်ပါတယ်။ညီအမဖြစ်သူသူဇာဝင့်လွင်အတွက်အဆေုံးSupportတွေပေးခဲ့တဲ့အမပေါ့၊ယနေ့မှာမေကတော့ သူ့ရဲ့အခင်မင်ရဆုံးထဲကအခင်ရဆုံးသူငယ်ချင်းတစ်ယောက်သတိရကြောင်းရင်ဖွင့်လာခဲ့ပါတယ်။သူချစ်ခင်ရတဲ့သူငယ်ချင်းကိုတောင်အဘိုကြီးလို့အမည်ပေးထားပါသေးတယ်။”ကျန်ခဲ့ရတဲ့သူတွေကလွမ်းတသသနဲ့ပါကျန်းမာရေးဆိုမကောင်းတတ်ကြဘူးကိုယ်တွေကသို့ပေမယ့်လည်းဆိုးကြတယ်ပေပေတေတေနေတတ်ကြတယ်ပျော်ခဲ့ကြတာတွေပြန်တွေးရင်လည်းဘဝကတန်ပါတယ်သတိရတယ်အဖိုးကြီးရေ”ဆိုပြီးကွယ်လွန်သွားပြီဖြစ်တဲ့အဆိုတော်ရေမွန်ကိုသတိရကြောင်းပြောပြလာတာပဲဖြစ်ပါတယ်။ဘယ်လောက်တောင်ချစ်ခင်ခဲ့ကြတဲ့သူငယ်ချင်းတွေဆိုတာခုစာလေးဖတ်ပြီးတွေးမြင်လို့ရပါတယ်။အားလုံးလဲသတိရနေတယ်မလားပရိတ်သတ်ကြီး။

Leave a Reply

Your email address will not be published. Required fields are marked *